ကြာအင်းဆိပ်ကြီးမြို့၌ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးဟောပြောဆောင်ရွက်

ကြာအင်းဆိပ်ကြီး မေ ၁၇

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြူဖြူဝင်းနှင့် ဝန်ထမ်းများက ယနေ့မွန်းလွဲ ပိုင်းတွင် အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူများကို အမက(၄)ကျောင်းတွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး၊ မိုးဦးရာသီတွင် ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ဆောင်ရန်ရှောင်ရန်တို့ကို အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)