လပွတ္တာ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၇ နာရီချိန်တွင် လပွတ္တလုပ်တောင်ကျေးရွာရှိ ရှင်စောမြတ်ဘုရားတန်ဆောင်းတွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုခံယူကြသည့် ဒေသခံပြည်သူများအား လာရောက်ကြည့်ရှုအားပေး၍ ထမင်းဘူးများကို ပေးဝေခဲ့သည်။
အဆိုပါ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် လပွတ္တလုပ်တောင်ကျေးရွာနှင့် အနီးနားရှိ ကျေးရွာများမှ ခွဲစိတ်လူနာ(၁၃)ဦး၊ သားဖွား/မီးယပ်လူနာ (၁၆) ဦး၊ ကလေးငယ်လူနာ(၁၄) ဦး၊ အရိုးအကြောလူနာ(၅၆) ဦး၊ မျက်စိဝေဒနာရှင်(၁၀၅)ဦး၊ သွားနှင့်ခံတွင်းလူနာ(၃၅) ဦး၊ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးလူနာ(၃၅)ဦးနှင့် အထွေထွေလူနာ(၁၆၁)ဦး စုစုပေါင်းဒေသခံပြည်သူ (၄၃၅) ဦးနှင့်အရေးပေါ်လူနာ(၂) ဦးတို့အားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)