ကျောက်မဲ မေ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာအုပ်စုတွင် သီးနှံများအထွက်နှုန်း တိုးတက်ရေးအတွက် အီးအမ်ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်း လက်တွေ့ပြုလုပ်ပြသခြင်းနှင့် တောင်သူနည်းပညာပေး ဆွေးနွေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောသိန်းထိုက်နှင့် ဝန်ထမ်းများက တောင်သူများအား သီးနှံအထွက်နှုန်းတိုးတက်ရေး၊ စိုက်ပျိုးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိုက်ပျိုးရေးနည်းပညာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး အီးအမ်ဘိုကာရှီမြေဆွေးပုံ ပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့ပြုလုပ် ပြသသည်။
အဆိုပါ နည်းပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့ပြသခြင်းလုပ်ငန်းသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူ အင်အား ၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)