ဒုတိယဝန်ကြီး ဦးအေးကျော် ကျောက်မဲမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး

ကျောက်မဲ မေ ၁၈

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပန်ပေါင်းကျေးရွာရှိ လျှပ်စစ်ဓာတ်အားခွဲရုံသို့ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် တာဝန်ရှိသူများက ကြိုဆိုသည်။

ထို့နောက် ဓာတ်အားခွဲရုံရှင်းလင်းဆောင်၌ လက်ထောက်အင်ဂျင်နီယာ ဦးသောင်းလွင်ဦးက ဝန်ထမ်းအင်အားဖွဲ့စည်းမှု၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မြို့နယ်အတွင်းရှိ ဓာတ်အားခွဲရုံများ တည်ရှိမှုအခြေအနေကို မြေပုံနှင့်တကွ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ချီးမြှင့်ထောက်ပံ့ကာ လျှပ်စစ်ဓာတ်အားခွဲလိုင်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စခန်းသာကျေးရွာရှိ လျှပ်စစ်ဓာတ်အားခွဲရုံသို့ သွားရောက်ကာ ရုံးအဆောက်အအုံများနှင့် ဓာတ်အားခွဲလိုင်းများ ပျက်စီးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နောင်ချိုမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)