ဆိပ်ဖြူ မေ ၁၈
မကွေးတိုင်းဒဒေသကြီး ဆိပ်ဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူထားရှိသည့် ဆိတ်၊ သိုးများ ကူးစက်ရောဂါကာကွယ်ဆေးများ(အခမဲ့) ထိုးနှံပေးခြင်းလုပ်ငန်းကို မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက ရွာသစ်ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါက်တာဆောင်းဦးဝေနှင့် ဝန်ထမ်းများက ရွာသစ်ရပ်ကွက် ဆိတ်/သိုးမွေးမြူသူများအား ဆိတ်နှင့်သိုးများတွင်ဖြစ်ပွားတတ်သည် ကူးစက်ရောဂါများအကြောင်းသိကောင်းစရာနှင့် ဆိတ်/သိုးမွေးမြူခြင်း အကျိုးကျေးဇူးများကိုအသိပညာပေးပြောကြားပေးသည်။ ထို့နောက် တစ်ပိုင်တစ်နိုင်မွေးမြူထားရှိသည့် ဆိတ်/သိုးများအား ဒေါင့်တန်းရောဂါကာကွယ်ဆေးများ(အခမဲ့) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)