တန့်ယန်း မေ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဒေသခံ တောင်သူလယ်သမားများအား မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနည်းနှင့် သဘာဝမြေဩဇာ ပြုလုပ်နည်း အသိပညာပေးဟောပြောပွဲကို မေလ ၁၆ ရက်နေ့က ဟွေဆော့ကျေးရွာ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှစိုးဝင်းက ဒေသခံတောင်သူလယ်သမားများ စိုက်ပျိုးလျှက်ရှိသည့် စပါးမျိုးများအား အထွက်နှုန်း ကောင်းမွန်စေသော မျိုးကောင်းမျိုးသန့်များအား ရွေးချယ်စိုက်ပျိုးတတ်စေရန်နှင့် သဘာဝမြေဩဇာ ပြုလုပ်နည်း အသိပညာပေး ဟောပြောကာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။
ယင်းအပြင် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးအိုက်ပေါင်းအောင်ကလည်း သစ်တောထိန်းသိမ်းရေး၊ တောမီးကြိုတင်ကာကွယ်ရေးအကြောင်း ဟောပြောကာ တောင်သူလယ်သမားများ၏ မေးမြန်းချက်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှစိုးဝင်းက ပြန်လည်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)