Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြဝတီမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Sep 18,2025
ကျောင်းသားလူငယ်များဗလငါးတန်းဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကရင် ပြည်နယ်၊ မြဝတီခရိုင်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက အမှတ် (၄)၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် မွန်းလွဲ ၁ နာရီက မှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်၌ ပလတ်စတစ်လျော့ချသုံးစွဲရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Sep 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း ပလတ်စတစ် လျော့ချသုံးစွဲနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးနှင့် မြို့မစျေးဝန်းကျင်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများ ကျင်းပ
Sep 18,2025
ကျောင်းသား/သူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရန်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၁၈ ရက်နေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ တစ်ပိုင်တစ်နိုင် နို့စားနွားမွေးမြူရေးလုပ်ငန်းမှ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချ
Sep 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာလမင်းကိုကိုနှင့် ဝန်ထမ်းများက သရက်ချောင်းမြို့၊ နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် ပန်းတောရပ်ကွက်နေ ဦးဇင်မောင်ထွေးခြံသို့ သွားရောက်၍ တစ်ပိုင်တစ်နိုင်နို့စားနွားမွေးမြူရာ၌ စနစ်တကျမွေးမြူနိုင်ရန်နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရာတွင် စနစ်တကျထုတ်လုပ်ရောင်းချနိုင်ရန်အတွက် လိုအပ်သည်များကို စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဦးတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်
Sep 18,2025
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူးပြီး စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်ခဲ့ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အီလက်ထရောနစ်စက်ကိုင်မည့်သူ စုစုပေါင်းသင်တန်းသား ၇၈ ဦး တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောခြင်း၊ စာအုပ်၊ စာစောင်နှင့် နံရံကပ်ဘုတ်များပြသ
Sep 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောခြင်း၊ စာအုပ်၊ စာစောင်နှင့်နံရံကပ်ဘုတ်များပြသခြင်းကို စက်တင်ဘာလ ၁၈ ရက် နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် လူငယ်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Sep 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို စက်တင်ဘာလ ၁၈ ရက်နံနက် ၁၁ နာရီက အခြေခံပညာအထက် တန်းကျောင်း၌ ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
470
Page
471
Page
472
Page
473
Current page
474
Page
475
Page
476
Page
477
Page
478
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department