သီပေါ မေ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အခြေခံပညာဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၄၈)ဦးတို့က ဗလငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့၊ အနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့၊ မူးယစ်ကင်းစင် တို့ပြည်တစ်ခွင်သာယာလှပ အနာဂတ်ဘဝစသည့် ခေါင်းစဉ်အသီးသီးဖြင့် ပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ကျောင်းသူ၊ ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်နေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်မာက လာရောက်ကြည့်ရှုအားပေးကာ တာဝန်ရှိ ဆရာ၊ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိသူများအား အဆိုပါ အထိမ်းအမှတ်နေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် ပြန်/ဆက်