အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် စက်တင်ဘာလအတွက် ပင်စင်လစာငွေများကို စက်တင်ဘာ ၂၂ ရက်နေ့နံနက်ပိုင်းက စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 22,2025
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ နန်းကုန်းနီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များရှင်သန်ဖွဲ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ၂၂ ရက်နေ့ နံနက် (၁၀) နာရီခွဲက  အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မုန့်ပေါင်းကျေးရွာ “အလင်းသစ်” စာကြည့်တိုက်၌ အသိပညာပေးဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 22,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) စနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ကိုကိုးကျွန်းမြို့နယ် ကိုကိုးကျွန်းလေတပ်စခန်းနှင့် အမှတ်(၂)ဗျူဟာရှိ တပ်မတော်သားများနှင့် မိသားစုဝင်မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကိုကိုးကျွန်းမြို့နယ် တပ်မတောလေတပ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 22,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ကန်ကြီးကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန နောင်ချိုမြို့နယ် ဦးစီးမှူးရုံးမှလဝကမှူး ဦးဆောင်၍ ယမန်နေ့က အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းပန်းခင်းစီမံချက်အဆင့်(၃) ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 22,2025
ကယားပြည်နယ်၊ မြန်မာ့စီးပွားရေးဘဏ်(လွိုင်ကော်)ဘဏ်ခွဲတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ပေးခြင်းအား လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ကပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ မြန်မာ့စီးပွားရေးဘဏ် (လွိုင်ကော်) ဘဏ်ခွဲတွင်နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်လစာများ ထုတ်ပေးဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုအားပေးပြီး အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။