တိုက်ကြီးမြို့နယ်၌ နွေစပါးများ အချိန်မီရိတ်သိမ်းရေးနှင့် မိုးစပါးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး တွေ့ဆုံပွဲကျင်းပ

တိုက်ကြီး မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ နွေစပါးများ အချိန်မီရိတ်သိမ်းပြီးစီးရေးနှင့် မိုးစပါးများ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ဥတိုကျေးရွာ စိတ္တသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က နွေစပါးအချိန်မီရိတ်သိမ်းရေးနှင့် မိုးစပါးစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးရေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသက်က နွေစပါးများရိတ်သိမ်းရေးအတွက် စက်သုံးဆီများ ထုတ်ပေးနေမှု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က သီးနှံများအထွက်နှုန်း ကောင်းစေရန် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးတို့ကို ဟောပြောရာ တက်ရောက်သည့် ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ဝတ်ရည်(ပြန်/ဆက်)