ကျုံပျော်မြို့နယ်၌ အခြေခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

ကျုံပျော် မေ ၂၀

ပြည်သူများ ကျန်းမာရေးကောင်းမွန်ပြီး အနာရောဂါ ကင်းဝေးစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ကာ အခြေခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်မိုးနှင့် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနဝန်ထမ်းများက ကုန်တင်ကုန်ချလုပ်သား ၂၂ ဦးနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အခြေခံဝန်ထမ်း ၂၀ ဦးတို့အား ဆေးရုံပြင်ပလူနာဌာနတွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊ လိုအပ်သောဆေးဝါးများ အခမဲ့ထောက်ပံ့ပေးအပ်ခြင်း၊ လိုအပ်ပါက ဓါတ်ခွဲစမ်းသပ် စစ်ဆေးပေးခြင်းများ အခမဲ့ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှုပြီး အားပေးစကားများ ပြောကြားကြသည်။ ထိုသို့ငွေကြေးကုန်ကျမှုမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည့်အတွက် အလုပ်သမားများမှ ဝမ်းမြောက်ကျေးဇူးတင်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)