Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာမွေမြို့နယ်၌ မူးယစ်ဆေးဖြတ်သင်တန်းသားများအား ပြည်သူ့ဆက်ဆံရေးဘာသာရပ် ဆွေးနွေးဟောပြောပွဲကျင်းပ
May 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုရုံးမေတ္တာစံအိမ်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက် (၁၀၀) စီမံချက်ဖြင့် မူးယစ်ဆေးဖြတ် သင်တန်းသားများအား ပြည်သူ့ဆက်ဆံရေးဘာသာရပ်ကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်
May 20,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့်အဖွဲ့က ဦးဆောင်၍ မရမ်းကုန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် နေအိမ်များတွင် သွေးလွန်တုပ်ကွေးအန္တရာယ်ကင်းရှင်းစေရေး မေလ ၁၈ ရက် နံနက် ၇ နာရီက အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်၊ မြေနီကုန်းကျေးရွာ၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
May 20,2026
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ် ၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မေလ ၁၉ ရက်၊ မွန်းလွဲနာရီခွဲက အဆိုပါ ကျေးရွာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့နယ်၌ ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) စုပေါင်းကြဲပက်ပွဲကျင်းပ
May 20,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ စိုက်ပျိုးလယ်ယာမြေများ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေးအတွက်ရည်ရွယ်ကာ မိုးစပါးစိုက်ပျိုးမည့်လယ်မြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ဇီးပင်သာကျေးရွာ၊ ကွင်းအမှတ် (၅၆၁)ရှိ တောင်သူဦးအုန်းကြိုင်၏ လယ်မြေ(၅)ဧကနှင့် ဆက်စပ်လျက်ရှိသည့် ၁၅ ဧကတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရေဦးမြို့တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော
May 20,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းပညာ ရတနာခန်းမတွင် ရက် (၁၀၀) စီမံချက်မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်
May 20,2026
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက သင်တန်းကျောင်းရှိခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
May 20,2026
ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ပြည်နယ်အားကစားကွင်း ရုံအမှတ် (၃) ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်ကစားသမားများ၊ အုပ်ချုပ်သူနည်းပြများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့၌ (၂၈)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွ…
May 20,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ခရိုင်ရဲတပ်ဖွဲ့နှင့် ခရိုင်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၂၈) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအချိန်ထိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လင်းရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
415
Page
416
Page
417
Page
418
Current page
419
Page
420
Page
421
Page
422
Page
423
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department