အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2025
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ လူအများနှင့်ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ ‌နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
Sep 22,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Sep 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ဦးစီးမှူးရုံးတို့ပူးပေါင်းကာ ငွေဆောင်မြို့ပေါ် ရပ်ကွက်များနေ ဒေသခံပြည်သူများအနက်မှ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ကော့သောင်းမြို့နယ် ကလပ်အသင်းပေါင်းစုံ အမှတ်ပေးချန်ပီယံလိဂ်ဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်နေ့ညနေပိုင်းက ကော့သောင်းမြို့၊မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းရင်း‌သားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ စစ်ဗျူဟာအဖွဲ့အခြေချ ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့သည်။
Sep 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ဆက်သွယ်ရေးလိမ်လည်မှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဝမ်နောင်ကျေးရွာ၊ ကျေးရွာခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ စားဝတ်နေရေး အထောက်အကူဖြုစ်စေရန်အတွက် စားအုန်ဆီများကို ရပ်ကွက်၊ ကျေးရွာများဦးစီးဌာနများနှင့် စက်ရုံအလုပ်ရုံများတွင် စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်နေ့က မဥ္ဇူခြံကျေးရွာပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ (၃၃၀) ပိဿာ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။  
Sep 22,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ၁၆ ခုတင်ဆံ့ တိုင်ရင်းဆေးရုံတို့က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့ စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပင်စင်စားများအား ဆီနှင့်ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။