အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့မရပ်ကွက်ရှိ ငုဝါမြိုင်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 22,2025
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအဆင့်) တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များ လေ့ကျင့်ရေးစခန်း ပထမအကြိမ် ဆန်းစစ်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
Sep 22,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီခွဲက ခရိုင်ပြည်သူ့အားကစားကွင်းတွင်ကျင်းပရာ ပြိုင်ပွဲကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်   မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်  အဖွဲ့ဝင်များ၊က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
Sep 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသား လူငယ်များ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ခရိုင်လူ ထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Sep 22,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန မှ တန်ဖိုးမြှင့် စားသောက်ကုန် (မုန့်)အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက်  နံနက်ပိုင်းက   ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
Sep 22,2025
၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင်  ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးငွေဖြင့် ဘားအံမြို့နယ်တွင် ကျေးရွာစာကြည့်တိုက် သုံးတိုက်၊ လှိုင်းဘွဲမြို့နယ်တွင် နှစ်တိုက် စုစုပေါင်း ကျေးရွာစာကြည့်တိုက် (၅)တိုက်ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Sep 22,2025
တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာသည် ကော့သောင်း မြို့နယ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံစိတ်ပါဝင်စားသူလုပ်ငန်းရှင်များနှင့်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲကို  စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမတွင် ကျင်းပသည်။
Sep 22,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးအနေဖြင့် မူးယစ်ဆေးစွဲကုသပြီး ပြန်လည်ထူထောင်မှုခံယူလျက်ရှိသည့် သင်တန်းသား(၂၀)ဦးတို့အား အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။