နေပြည်တော် မေ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်အစရှိသည့် စားသောက်ကုန်များအား ဈေးနှုန်းသက်သာပြီး လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရန်အတွက် ယမန်နေ့က နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့သို့ရောင်းချပေးရာတွင် ဇမ္ဗူသီရိအထူးကု ဆေးရုံကြီးနှင့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂) သို့လှည့်လည်၍ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်အောင်(ဒက္ခိဏ)