မိုးနဲ မေ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်ကွန်နားကျေးရွာနှင့် မိုင်ဟိုင်းကျေးရွာအုပ်စုတို့၌ မိုးသီးနှံစိုက်ပျိုးရန်မြေယာပြုပြင်နေမှုနှင့် နမ့်တွန်ချောင်းတာဘောင်များပြုပြင်ထားရှိမှုအခြေအနေများအား ယနေ့နံနက် ၉ နာရီခွဲတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှတာဝန်ရှိသူများက တောင်သူများနှင့်အတူ မိုးသီးနှံစိုက်ပျိုးရန်မြေ/ယာများပြုပြင်နေမှုနှင့် နမ့်တွန်ချောင်းတာဘောင်ပြင်ဆင်ပြီးစီးမှုအခြေအနေများအား လှည့်လည်ကြည်ရှုခဲ့ကြပြီး တောင်သူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)