တံတားဦး မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် ပျိုးပင်မျိုးစုံပေါင်း (၃၀၀၀၀) ပင်ကို တံတားဦးမြို့ သစ်တောဦးစီးဌာန သင်ပန်းပျိုးဥယျာဉ်ခြံတွင် ပြုစုပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါစိုက်ပျိုးထားရာတွင် ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ချစ်မြတ်နိုးတက်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် ထင်းသုံးစွဲမှု ဖူလုံစေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသရေမြေနှင့် ကိုက်ညီမှုရှိသည့် ပျိုးပင်မျိုးစုံကို ပျိုးထောင်ထားရှိပြီး နှစ်စဉ် မိုးရာသီကာလတွင် ဖြန့်ဝေစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ၂၀၂၆ ခုနှစ်မိုးရာသီကာလအတွင်း လူထုဖြန့်ဝေစိုက်ပျိုးရန်အတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသော ကုလားကုက္ကို ၂,၀၀၀ ပင်၊ တမာ ၇,၅၀၀ ပင်၊ မယ်ဇယ် ၁,၅၀၀ ပင်၊ ဖျောက်ဆိပ် ၉,၀၀၀ ပင်၊ ယူကလစ် ၁၀,၀၀၀ ပင် စုစုပေါင်း ၃၀,၀၀၀ ပင် တို့ကို ပြုစုပျိုးထောင် ထားရှိကြောင်း သိရသည်။
တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ယခုနှစ်မိုးရာသီကာလတွင် စိုက်ပျိုးရန် ဌာနဆိုင်ရာများ၊ တစ်ရွာ (၂)ဧက၊ သစ်ပင်စိုက်ပျိုးပွဲ၊ လမ်းဘေးဝဲ၊ယာ စိုက်ပျိုးရန်နှင့် ပြည်သူလူထု ဖြန့်ဝေခြင်းတို့ကို ပြုစုပျိုးထောင်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)