မြောက်ဥက္ကလာပ မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်ထဲရေး၀န်ကြီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဉပဒစိုးမိုးရေးအတွက် မူခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက ရွှေပေါက်ကံမြို့သစ်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မျိုးအောင်က မိမိတို့ မြို့နယ်ရပ်ကွက်များရှိ ပြည်သူများအား ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဉပဒစိုးမိုးရေးအတွက် အားလုံးအတူပါ၀င်ဆောင်ရွက်ကြစို့ "ဆောင်ပုဒ်" နှင့်အညီ မူခင်းကြိုတင်ကာကွယ်ရေးအတွက် မူခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)