သံဖြူဇရပ် မေ ၁၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေး နှိုးဆော်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက္ခမီမြို့၊ မြို့မစျေးရပ်ကွက်(မြို့မစျေး)တွင် ဖြန့်ဝေခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏စီစဥ်မှုဖြင့် အဖွဲ့ဝင်ဦးအောင်သန်းဦးဆောင်၍ ကျိုက္ခမီမြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ခြင်း လက်ကမ်းစာစောင်(၃၀၀)ခန့်အား ပေးဝေခဲ့ပြီး ပြည်သူများသိရှိစေရေး ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)