ဒလ မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ရပ်ကွက် လုံးကျွတ်အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီက ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တွံတေးခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့် အဖွဲ့ဝင်များ၊ ဒလမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နုနုထွေးနှင့် အဖွဲ့ဝင်များ၊ ဒလမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ မိုးဦးကျရာသီတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါကင်းဝေးစေရန်အတွက် ရပ်ကွက်တွင်းရှိနေအိမ်များတွင် ခြင်များ ခိုအောင်းနေထိုင်ပေါက်ဖွားမှုမဖြစ်ပေါ်စေရေး သိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို ရပ်ကွက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ကမာကဆစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးစောင့်ရှောက်ခြင်းကို ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးရာတွင် သက်ကြီးရွယ်အိုများအား သွေးတိုးဆီးချိုရောဂါနှင့် ကလေးများကိုဝမ်းပျက်ဝမ်းလျှော ရောဂါကုသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ရဲရင့်သူ