တောင်တွင်းကြီး ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် သွေးလွန်းတုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် ပုဂ္ဂလိကဆေးခန်းများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်နိုင်စိုးက သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သတ်၍ လုပ်ငန်းစဥ်များအား ရှင်းလင်းပြေားကြားခဲ့ကာ တက်ရောက်လာသည့် ပုဂ္ဂလိကဆေးခန်းပိုင်ရှင်များက သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းခြင်းနှင့် အကြုံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဘေးတွင် လှူဒါန်းခဲ့သည့် ပုဂ္ဂလိကဆေးခန်းများအား ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်နိုင်စိုးတို့က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပုဂ္ဂလိကဆေးခန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)