အိမ်မဲ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး စာကြည့်တိုက်ပညာသင်တန်း ကိုယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင် က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့် စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ အကြောင်း တို့ကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုဦးစီးကာယ ဒေါ်စန်းစန်းအေးက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းတို့ကိုလည်းကောင်း အသီးသီး အကျယ်တဝင့်ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မြို့နယ်ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်၊ ဒုတိယဦးစီးမှူး ဒေါ်စောသန္တာဦး၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်အေးအေးမူတို့က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မျိုးတူစု ခွဲခြားခြင်းလုပ်ငန်း၊ ကတ်တလောက်ရေးသွင်းခြင်းလုပ်ငန်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ ကြောင်းနှင့်အဆိုပါသင်တန်းတွင် မြို့နယ်အတွင်း အ-ထ-က၊ အ-ထ-က (ခွဲ)၊ အ.လ.က၊ အ.လ.က (ခွဲ) ကျောင်းများမှ ဆရာမ(၁၂)ဦးတက်ရောက်ခဲပြီး သင်တန်းကာလမှာ (၂) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာကြည့်တိုက်ပညာသင်တန်းများကို လစဥ်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)