အလုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

အလုံ ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ခရိုင်အဆင့် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ အလုံလမ်း၊ ခရိုင်တရားရုံး၌  ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် အမြင့် ၂ပေနှင့်အထက်ရှိ မဟော်ဂနီ(၃၂)ပင်၊ ခရေ(၂၂)ပင်၊ ကံ့ကော်(၁)ပင်၊ ငု(၅၀)ပင်၊ ရေတမာ(၅၀)ပင်၊ ပျဉ်းမ (၅၀)ပင်၊ စိန်ပန်း(၅၀) ပင်၊ စုစုပေါင်း သစ်မျိုး(၇)မျိုး၊ ပျိုးပင်ပေါင်း (၂၅၅) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့်အဖွဲ့ဝင်များ၊ အလုံခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်နှင့်ဝန်ထမ်းများ၊ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြသည်။

ယောဧရာ (ပြန်/ဆက်)