လိပ်သို ဇူလိုင် ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန် ငှက်ပျောပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဒေသခံပြည်သူများမှာ ဖာလာပင်၊ ကော်ဖီ၊ ကွမ်းသီး၊ ဒူးရင်း၊ တညင်း၊ စသည့် နှစ်ရှည်သီးနှံများကို စိုက်ပျိုးရန် တောင်ယာများ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ယာများ မီးရှို့ပြီးနောက် ပထမနှစ်တွင် စားဖိုဆောင်သီးနှံများနှင့်အတူ ဒေသရေမြေနှင့်လိုက်ဖက်သော ရွှေနီ၊ သီးမွှေး၊ ရွှေဖြူ၊ ရခိုင်စသည့် ငှက်ပျောမျိုးများကို စိုက်ပျိုးကြပြီး ငှက်ပျောပင်များအကြားတွင် နှစ်ရှည်သီးနှံပင်များကို ဆက်လက်စိုက်ပျိုး ကြသည်။
ငှက်ပျောသီးများကို လိပ်သိုမြို့ပေါ်နှင့်မြို့ကြီးများသို့ ပို့ဆောင်ရောင်းချလျက်ရှိပြီး ငှက်ပျောတစ်ဖီးလျှင် အမျိုးအစားနှင့် အရွယ်အစားအလိုက် ငွေကျပ် (၃၀၀ဝိ/-) ကျပ်မှ (၄၀၀ဝိ/-) ကျပ် အထိရရှိကြောင်း ငှက်ပျောစိုက်ပျိုးရောင်းချသူ တောင်သူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်