တောင်တွင်းကြီး ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းကျန်းမာရေးကော်မတီနာယက၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းကျန်းမာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှူး ဒေါက်တာအောင်နိုင်စိုးက သွေးလွန်တုပ်ရောဂါဆိုင်ရာ အသိပညာပေးပြောကြားခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်ဆောင်ရွက်ရေးဟောပြောခြင်းနှင့် သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်တို့အား Power Point ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းကြရာ မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများ ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)