ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အလုပ်သမားများ၏ဥပဒေ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေးဆွေးနွေး

ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့် အလုပ်သမားများ၏ဥပဒေ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဇူလိုင် ၂၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးခြင်းကို ကျီစုစက်မှုဇုန်ရှိ Hua Cai အထည်ချုပ်စက်ရုံ၊ Arao အထည်ချုပ်စက်ရုံ၊ စက်မှုဇုန်(၂)ရှိ MTM အိတ်ချုပ်စက်ရုံ၊ စက်မှုဇုန်(၁)ရှိ Yangon Xie Hui Shoes ဖိနပ်စက်ရုံတို့၌ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိုးသန္တာနွယ်က အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် အလုပ်သမားဥပဒေပါရပိုင်ခွင့်များနှင့် ဦးစီးအရာရှိ ဦးအောင်မြတ်သူက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုပါအသိပညာပေးဆွေးနွေးမှုများပြုလုပ်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေများကိုသိရှိလာပြီး လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်အေးချမ်းသာယာ၍ ကုန်ထုတ်လုပ်မှုတိုးတက်ကာ နိုင်ငံ၏စီးပွားရေးကဏ္ဍများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)