အောင်လံ ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID Biometric Data များ ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက အောင်လံမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ်မှဝန်ထမ်းများပူးပေါင်း၍ အငြိမ်းစားဝန်ထမ်းများအား UID Biometric Data များ ကွင်းဆင်းကောက်ယူခဲ့ရာ ယမန်နေ့ထိ (၄၉၁)ဦး ကောက်ယူပြီးစီးကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)