အမြို့မြို့အနယ်နယ်သတင်းများ

Jul 22,2025
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏ကြီးကြပ်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ယမန်နေ့ည​နေပိုင်းက ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ် (၁၂၇)၌ တရားစခန်းဝင်နေကြသော ယောဂီများအား တိုင်းရင်းဆေးဖြင့် ကွင်း‌ဆင်း‌ဆေးကုသပေးခဲ့ကြောင်း သိရသည်။
Jul 22,2025
ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်က လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းဝင်းအတွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများနှင့် ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Jul 22,2025
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်(လွိုင်ကော်ဘဏ်ခွဲ)၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ လာရောက်ထုတ်ယူနေမှုများကို သွားရောက်ကြည့်ရှုအားပေးကာ ပင်စင်လစာများထုတ်ပေးမှု၊ Smart Card များ လျှောက်ထားမှုအပေါ် လုပ်ငန်းများဆောင်ရွက်ပေးနေမှုနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအား ပြည်နယ်မန်နေဂျာက ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနေမှုများအားကြည့်ရှုပြီး နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။
Jul 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနကကြီးမှူး၍ တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အခွန်ဦးစီးဌာနရုံး၌ ကျင်းပသည်။
Jul 22,2025
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးကျေးရွာအုပ်စု နောင်ဘိုကြီး-ရွာကိုင်းကောင်း ကျေးရွာချင်းဆက်လမ်းမြေလမ်းမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မြေလမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတာဝန်ရှိသူများက ဇူလိုင် ၂၁ ရက်တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
Jul 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးဒီဂရီကောလိပ်တွင် ယမန်နေ့နံနက် ၉:၃၀ အချိန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းအပတ်စဉ်(၃)အား စာတွေ့၊ လက်တွ့(၂)ပိုင်းခွဲ၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်‌ကြောင်း သိရသည်။
Jul 22,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊  လိပ်သေကျေးရွာအုပ်စု၊ ကွာရီကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူအသင်းသား(၃၆)ဦးအတွက်(၂၀၉၀၀၀၀၀)ကျပ်၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူအသင်းသား (၆၁)ဦးအတွက် (၁၉၇၅၀၀၀၀)ကျပ် စုစုပေါင်းအသင်းသား (၉၇)ဦးအတွက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်(၄၀၆၅၀၀၀၀)ကျပ်ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေး ရွာဓမ္မာရုံတွင် ချေးငွေထုတ်ချေးခဲ့ကြောင်း သိရသည်။
Jul 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါနှင့်ပက်သက်၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၈၉)ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ကောင်း၊ အမှတ်(၉၀)ရပ်ကွက်ရှိ ဆိပ်ကမ်းသာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း၊ အမှတ်(၁၆၈)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အထက် တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းတို့တွင်လည်းကောင်း၊ အမှတ် (၈၇)ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။