အမြို့မြို့အနယ်နယ်သတင်းများ

Jul 22,2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအအခြေပြု အသက်မွေ ဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က(ခွဲ)အုန်းတပင်ကျောင်းခန်းမ၌ ကျင်းပသည်။
Jul 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် နေဝန်းနီအထွေထွေစီးပွါးရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇူလိုင် လ ၂၁ ရက်နေ့ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
Jul 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာလာရောက်ထုတ်ယူသူများအား UID (Unique Identity) များ ဆောင်ရွက်ခြင်းကို မြန်မာ့စီးပွားဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ၌ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်၌ ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ​​၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ပါသည်။
Jul 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချူပ်ခြင်း(ICM) ပထမ(၅)နှစ် စီမံချက်အရ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်း က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ကျင်းပသည်။
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ က‌လေးခရိုင်၊ ကလေးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်း အနားကို မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။