အမြို့မြို့အနယ်နယ်သတင်းများ

Jul 23,2025
မူဆယ်မြို့အတွင်းနေထိုင်လျက်ရှိသော အများပြည်သူများနှင့် ကျောင်းသားလူငယ်များအား မိမိတို့ ကိုင်ဆောင်အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းများမှတစ်ဆင့် လိမ်လည်ခြင်းများကို သိရှိနိုင်စေရန်နှင့် လိမ်လည်ခြင်းခံရပါက အသိသတိရှိရှိဖြင့် ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ချယ်ရီခန်းမတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 23,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီးပတ်ဝန်းကျင်ဒေသ၌ ဧပြီလနှင့် မေလတွင် စိုက်ပျိုးသည့် မိုးကြိုအာလူး အောင်မြင်စွာဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ပေါ် ရပ်ကွက်များအတွင်း မိုးရာသီရေစီးရေလာကောင်းမွန်ရေးအတွက် ယမန်နေ့က အမှတ်(၂)ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Jul 23,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဖြင့် ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင် ပြုလုပ်ပေးလျက်ရှိသည်။
Jul 23,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID(Unique Identity) ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့်မြန်မာ့စီးပွားရေးဘဏ်တို့ပူးပေါင်းပြီး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Jul 23,2025
စစ်ကိုင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နှစ်(၇၀၀) အားကစားကွင်း၊ စည်းခုံကြီးဘုရား၊ မြို့ပြနှင့်အိမ်ယာဝင်းတို့တွင် သုံးနေရာခွဲ၍ ဌာနဆိုင်ရာအဖွဲ့များမှ နေအိမ်အမျိုးစားများအလိုက် ထောက်ပံ့ငွေများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Jul 23,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ၊ ပြင်ထိန်း ရန်ပုံငွေတို့ဖြင့် မြို့နယ်တွင်း၌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း(၁)လမ်း၊ ကျောက်ချောလမ်း (၁)လမ်း၊ ကွန်ကရစ်တံတား (၁) စင်း ဆောင်ရွက်မည်ဖြစ်ရာ ဆောင်ရွက်မည့်လုပ်ငန်းများအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။