Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
Jul 23,2025
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ကော့သောင်းခရိုင်နှင့် မြို့နယ်မှတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ကော့သောင်းခရိုင်နှင့်မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား Unique Identity (UID) ကတ်များ ပြုလုပ်ပေး
Jul 23,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းဦးနှင့် ဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်ထုတ်ယူရာတွင် လွယ်လွင့်တကူဖြစ်စေရန်အတွက် UID (Unique Identity) ကတ်များကို ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ပြုလုပ်ပေးလျက်ရှိကာ ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် (၁) ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့နယ်တွင် မြစ်ရေကြီးခြင်း သတိပေးချက် လိုက်လံနှိုးဆော်
Jul 23,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေရာများ တွင်နေထိုင်ကြသည့် ပြည်သူများအား ကြိုတင်သတိပြုနိုင်ရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်အတွက် ယနေ့ နံနက် (၁၀:၀၀)နာရီ အချိန်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေကြီးခြင်း သတိပေးထုတ်ပြန်ချက်အား လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းဆောင်ရွက်
Jul 23,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-ID စနစ်ဖြင့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကျွန်းစုမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ် အမှတ် (၇) အခြေခံပညာအလယ်တန်းကျောင်း၌ ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 23,2025
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူးကာ ချမ်းအေးသာစံမြို့နယ် အမှတ် (၇) အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ် ကြခတ်ကုန်းတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာအုပ်စု၊ ကြခတ်ကုန်း-ကျောင်းစု-ကလ ကျေးရွာချင်းဆက် လမ်းပေါ်တွင်တည်ရှိသော ကြခတ်ကုန်းတံတား တည်ဆောက်နေမှုအား ယမန်နေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား Unique Identity(UID)ကတ် ဆောင်ရွက်ပေး
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အငြိမ်းစားမိဘပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လူပုဂ္ဂိုလ် မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စေရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID (Unique Identity) Smart Card ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ် နမ့်ခင်ချောင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုကာကွယ်ရေး ချောင်းများ သဲနုန်းတူးဖော်ခြင်း၊ ချောင်းပေါင်ဆင့်ခြင်းလုပ်ငန်းများ ဆော…
Jul 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုရှိ နမ့်ခင်ချောင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် သဲနုန်းတူးဖော်ခြင်း၊ ချောင်းပေါင်ဆင့်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် နမ့်ချောင်းအနီးပတ်ဝန်းကျင်ရှိ ကျိုင်းတုံမြို့ပေါ် အမှတ်(၅)ရပ်ကွက်၊ ကန်နားလုံရပ်၊ ကျိုင်းဖောင်း၊ တာလျှပ်၊ ကျန်ဆက်ကျေးရွာများနှင့် ချောင်းအနီးရှိ လယ်ယာမြေများ ရေကြီးရေလျှံနစ်မြုပ်မှုကာကွယ်ရေးနှင့် ချောင်းရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် နမ့်ခင်ချောင်း၊ ကျိုင်းဖောင်းရွာအနီးမှ ဝမ်နောင်ကျေးရွာအထိ အရှည်ပေ ၉၅၀၀ ပေ သဲနုန်းတူးဖော်၊ ပေါင်ဆင့်ခြင်းလုပ်ငန်းများကို ဧပြီလ ၂၃ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3716
Page
3717
Page
3718
Page
3719
Current page
3720
Page
3721
Page
3722
Page
3723
Page
3724
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department