Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jul 23,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသော “တပြည်သူမရွှေထား” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများကို UID ဆောင်ရွက်ပေး
Jul 23,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားမိဘပြည်သူများကို UID ကတ် ကိုင်ဆောင်ခွင့်ရရှိစေရန် ယမန်နေ့က မြန်မာ့စီးပွားရေးဘဏ်ရုံးသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ စဉ်ဆက်ပညာရေး စာသင်ဝိုင်းသင်ကြားနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး၊ ဆိုလာမီးသီးနှင့် White Board များပေးအပ်
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားများအတွက် သင်ယူသူများ၏ အရေးစွမ်းရည်ပိုမိုတိုးတက်လာစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စဥ်ဆက်ပညာရေးအစီအစဥ်မှတစ်ဆင့် ဘဝတစ်သက်တာသင်ယူလေ့လာနေသူများ ဖြစ်ထွန်းလာရေး စသည့်ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စဥ်ဆက်ပညာရေး စာသင်ဝိုင်းသင်ကြားနေမှု၊ ဆိုလာမီးသီးနှင့် White Board များပေးအပ်ခြင်းကို ယမန်နေ့ညနေ (၆) နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ စခွီကျေးရွာနှင့် ရန်ကင်း ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး ဟောပြောခြင်းနှင့် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 23,2025
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပြည်သူလူထုနှင့် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၂၁) ရက်နေ့ မွန်းလွဲပိုင်းက အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ အ.ထ.က(မြို့မ)၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ နားနှင့်အကြားအာရုံ အခြေခံစောင့်ရှောက်မှုသင်တန်း ဖွင့်လှစ်
Jul 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက်ပိုင်းက နားနှင့်အကြားအာရုံ အခြေခံစောင့်ရှောက်မှုသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ကျင်းပ
Jul 23,2025
မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့ပြီး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကွာတားဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ(၃)နာရီမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၊ တောင်ဒဂုံမြို့နယ်တောင်ဒဂုံအားကစားကွင်း၊ သန်လျင်မြို့နယ် သန်လျင်အားကစားကွင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း)တို့တွင် ကျင်းပခဲ့ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့်ပရိသတ်များက တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ အစိုးရဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်
Jul 23,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အစိုးရဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ရက်များတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပေါင်းတည်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံတွင် လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းဆောင်ရွက်
Jul 23,2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေး အချက်အလက်မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြိတ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3720
Page
3721
Page
3722
Page
3723
Current page
3724
Page
3725
Page
3726
Page
3727
Page
3728
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department