အမြို့မြို့အနယ်နယ်သတင်းများ

Jul 30,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး အတွက် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် အနောက်ရွာတော်ကျေးရွာအဝင်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သည်။
Jul 30,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင် များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသောဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင် မြို့နယ်အလိုက် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃လမ်း၊ တက္ကသိုလ်လေ့ကျင့်ရေးရှေ့တို့တွင် ရောင်းချပေးခဲ့သည်။
Jul 30,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း ရောင်းချသည့် ဈေးသည်များသည် ယခုမိုးရာသီကာလတွင် ဝါးပင်မှ မျှစ်နုများထွက်သည့်ကာလဖြစ်သောကြောင့် မျှစ်ပေါ်ချိန်ဖြစ်၍ မျှစ်များကို ဝယ်ယူပြီး မျှစ်သိပ်လှောင်သူများပြားလျက်ရှိကြောင်း သိရသည်။
Jul 30,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် တောင်သူတို့၏ မိုးဦးစိုက် အစေ့ထုတ်ပြောင်းများ ရင့်မှည့်လာ၍ အထွက်နှုန်းနှင့် အမြတ်များများရရှိရန်အတွက် ယခု ဇူလိုင်လ နောက်ဆုံးပတ်ကစတင်၍ ရိတ်သိမ်း ဆွတ်ခူးနေကြပြီဖြစ်ကြောင်း သိရသည်။
Jul 30,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Urban Search and Rescue Team) ဖွဲ့စည်းရန် ရည်ရွယ်၍ ၁၂-၅-၂၀၂၅ ရက်နေ့မှ ၁-၈-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် (၁၂) ပတ်ကြာ စုဖွဲ့ လေ့ကျင့်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ အထူးရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁၀၀) ဦးတို့သည် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်တွေ့ကယ်ဆယ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 30,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
Jul 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီးတောင်ကျရေများ စီးဝင်မှုကြောင့် မြို့ပေါ်ရပ်ကွက် (၂) နှင့်ရပ်ကွက် (၄)တို့တွင် ဇူလိုင်လ ၂၈ ရက်နေ့တွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ချောင်းရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ အမှတ်(၄)ရပ်ကွက်ရှိ ပျံကျ‌‌ဈေးဖွင့်လှစ်သည့် နေရာများအား စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။