ကလော ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဝင်မှုကြောင့် မြို့ပေါ်ရပ်ကွက် (၂) နှင့်ရပ်ကွက် (၄) တို့တွင် ဇူလိုင်လ ၂၈ ရက်နေ့တွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ချောင်းရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ အမှတ်(၄)ရပ်ကွက်ရှိ ပျံကျဈေးဖွင့်လှစ်သည့် နေရာများအား စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ ကလောတပ်နယ် စစ်ဦးစီး တက္ကသိုလ်မှ ဗိုလ်ကြီးနေဝင်းအောင် ဦးဆောင်၍တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဌာန ဦးစီးအရာရှိ ဦးသန်းဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ အမှတ်(၄) ရပ်ကွက်ရှိ ပျံကျဈေးရောင်းချသည့် နေရာများအား ချောင်းရေ ပြန်လည်ကျဆင်းသွားသည့်အတွက် ရွှံ့၊ နွံ၊ အမှိုက်များနှင့် နှုန်းမြေများအား မီးသတ်ပိတ်ဖြင့် ရေထိုး၍ ဆေးကြောခြင်းတို့ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)