အမြို့မြို့အနယ်နယ်သတင်းများ

Jul 30,2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်သက်ဆိုင်ရာတာဝန်ရှိသူများ ကျောက်ကြီးချောင်းရေမြင့်တက်လာမှုကြောင့် ရေဝင်ရောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
Jul 30,2025
ဝမ်းတွင်းမြို့နယ်တွင် Kubota ကောက်စိုက်စက်နှင့် တွဲဖက်အသုံးပြုသည့် စပါးမျိုးစေ့ချကိရိယာ (10- Rows Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက်က ဝမ်းတွင်းမြို့နယ် လိန်ပင်ကျေးရွာအုပ်စု နတ်နန်းကျေးရွာ ဦးပိုင်အမှတ် ၇၀၊ ကွင်းအမှတ် ၁၄၂၁ရှိ တောင်သူ  ဦးဝင်းနိုင်ဦး၏ လယ်မြေဧက နှစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 30,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာရေးဆရာ အညတရဘိက္ခု(ဗုဒ္ဓဘာသာကျောင်း) ရေးသားသည့် ဒါလေးများနှင့် အခြားအတွေးအမြင် ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 30,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jul 30,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်မြတ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးနှင့် သားသတ်ဌာနစိတ်ဝန်ထမ်းများ၊ မြို့မစျေးစည်ကမ်းထိန်းဌာနစိတ်တို့ ပူးပေါင်း၍ စျေးအတွင်းနှင့် စျေးပြင်ပ လမ်းဘေး ဝဲ၊ ယာများရှိ ပျံကျစျေးသည်များအား စည်းကမ်းတကျ စျေးရောင်းချမှုရှိစေရေး ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jul 30,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး အတွက် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် အနောက်ရွာတော်ကျေးရွာအဝင်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သည်။
Jul 30,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင် များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသောဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင် မြို့နယ်အလိုက် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃လမ်း၊ တက္ကသိုလ်လေ့ကျင့်ရေးရှေ့တို့တွင် ရောင်းချပေးခဲ့သည်။
Jul 30,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း ရောင်းချသည့် ဈေးသည်များသည် ယခုမိုးရာသီကာလတွင် ဝါးပင်မှ မျှစ်နုများထွက်သည့်ကာလဖြစ်သောကြောင့် မျှစ်ပေါ်ချိန်ဖြစ်၍ မျှစ်များကို ဝယ်ယူပြီး မျှစ်သိပ်လှောင်သူများပြားလျက်ရှိကြောင်း သိရသည်။