အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2025
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် ကြေညာခြင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း ငဖဲမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
Jul 27,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့ရှိ စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၇၆၂ ဦးတွင် ၂၄၂ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
Jul 27,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆း၀၀)နာရီက ထုတ်ပြန်ကြေညာခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် (၂၃.၆၈)ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။
Jul 27,2025
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော ကရင်ပြည်နယ်ဘောလုံးအသင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဘောလုံးအားကစားကို ချစ်မြတ်နိုးကြသော ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
Jul 27,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင်လ(၂၇)ရက် နံနက်(၆)နာရီမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
Jul 27,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သူ (၁၆၁၇)ဦးတွင် အောင်မြင်သူ (၇၂၅)ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၄၄)ဒဿမ (၈၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
Jul 27,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင်လ(၂၇)ရက် နံနက်(၆)နာရီမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။