မြို့သစ်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

မြို့သစ် ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အဘိုး၊ အဘွား၄၀ ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ဆေးကုသမှုနှင့် ဆေးဝါးများထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဘိုးဘွားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အပတ်စဉ် “ဗုဒ္ဓဟူး”နေ့တိုင်း ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)