အမြို့မြို့အနယ်နယ်သတင်းများ

Jul 29,2025
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂၇ ရက်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် ပြုလုပ်သည်။
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အ.ထ.က ခမောက်စုကျောင်းတွင် ကျောင်းသားလူငယ်များ အသိပညာတိုးပွားစေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဟုသုတရရှိစေမည့် စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ကျင်းပခဲ့သည်။
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ်ပိုင်းက စာပေ ချစ်မြတ်နိုးသူများအဖွဲ့ Youth Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)  ရေသားသော “ရည်မှန်းချက်ရှိရမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Jul 29,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လွေချောင်းရေမြင့်တက်ကာ ချောင်းဘေးနေအိမ်များသို့ ရေများဝင်ရောက်ခဲ့ရပြီး ဇူလိုင် ၂၈ ရက်နေ့ ညနက်ပိုင်းအချိန်၌ နမ့်လွေချောင်းရေများ ပြန်လည်ကျဆင်း၍ ယနေ့နံနက်ပိုင်းတွင် ရေဝင်ရောက်သည့် ချောင်းဘေးနေအိမ်များကို သန့်ရှင်းရေးဝိုင်းဝန်းပြုလုပ်နေကြသည်။
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဗိုလ်ချုပ်လမ်းဆုံနှင့် အိုင်သပြုဈေးတွင် ရေဘေး၊ ကမ်းပြိုဘေး၊ လေဘေး၊ မုန်တိုင်းဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသက်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ရေဘေး၊ ကမ်းပြိုဘေး၊ လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိ‌ပညာပေးနှိုးဆော်ခြင်းများပြုလုပ်ခဲ့သည်။
Jul 29,2025
ကချင်ပြည်နယ်၏ မိုးစပါးစိုက်ပျိုးမှုအများဆုံးနှင့် အဓိကစိုက်ပျိုး‌ရာ ဒေသတစ်ခုဖြစ်သည့် မိုးညှင်းခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆန်စက်၊ ဆီစက်များ အဆင့်မြင့်တင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဟိုပင်ဒေသအတွင်း ဒေသခံပြည်သူများ၊ တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေဆုံပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဗိုလ်ချုပ်လမ်းဆုံနှင့် အိုင်သပြုဈေးတွင် ရေဘေး၊ ကမ်းပြိုဘေး၊ လေဘေး၊ မုန်တိုင်းဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသက်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ရေဘေး၊ ကမ်းပြိုဘေး၊ လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်အသိ‌ပညာပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။