ရပ်စောက် ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ရဿဝတီခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် အသင်းသဘာပတိမှ အသင်းမှဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် မြို့နယ်မဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်တို့က မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုအခြေအနေတို့ကို အမှာစကားပြောကြားကာ အသင်း၏ဒုဥက္ကဋ္ဌ၊ အုပ်ချုပ်မှုဒါရိုက်တာနှင့် အသင်းစာရင်းစစ်တို့မှ ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဥ်များ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အသင်းစာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လူရည်ချွန်ဆုနှင့် Grade-12 ကိုဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် အသင်းသားများ၏ သားသမီးများကို ပညာရည်ချွန်ဆုများ ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။
အသင်းသား(၁၁၃၅)ရှိရာမှ အစည်းအဝေးသို့ အသင်းသား (၉၄၀)ဦး တက်ရောက်ခဲ့ပြီး တစ်ဦးလျှင် (၁၀၀၀၀)ကျပ်နှုန်းနှင့် ဗလာမပါကံစမ်းမဲ စုစုပေါင်းကျပ်(၂၄၅)သိန်းတို့ကို ပေးအပ်ခဲ့ကာ ယခုဘဏ္ဍာရေးနှစ်အတွင်း စုဆောင်းငွေပေါ် အတိုးကျပ်(၂၄၃)သိန်းတို့ကို ပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)