အမြို့မြို့အနယ်နယ်သတင်းများ

Aug 02,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်တောင်မိခင်များနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်‌နေ့က မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
Aug 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ဒေသခံတောင်သူအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အား ရှားပါးမှုပြဿနာဖြေရှင်းနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ပျိုးဧကများစွာကို စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးတို့ကို ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်         (၁၀) တန်းသွား မျိုးစေ့ချကိရိယာစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့ န့နက် (၉:၀၀)နာရီအချိန်က စဉ့်ကိုင်မြို့နယ်၊ သင်္ဂတုံကျေးရွာအုပ်စု၊ သင်္ဂတုံကျေးရွာရှိ တောင်သူဦးသောင်းစိန်  ကွင်းအမှတ် (၇၆)၊ ဦးပိုင်အမှတ် (၃၄)၊ လယ်မြေ (၃) ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ဒေသခံတောင်သူအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ပျိုးဧကများစွာကို စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင် အထွက်နှုန်း ရရှိစေရေးတို့ကို ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ခုနှစ်  (၁၀) တန်းသွား မျိုးစေ့ချကိရိယာစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့ န့နက် ၉:၀၀ နာရီက သင်္ဂတုံကျေးရွာအုပ်စု၊ သင်္ဂတုံကျေးရွာရှိ တောင်သူ ဦးသောင်းစိန်  ကွင်းအမှတ် (၇၆) ၊ ဦးပိုင်အမှတ် (၃၄)၊ လယ်မြေ (၃) ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 02,2025
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရီးသွား/ကုန်တင်ယာဉ် မော်တော်ယာဉ်လိုင်းများ၊ ရေယာဉ်လိုင်းများ၊ ကုန်မာဆိုင်များ၊ တယ်လီဖုန်းနှင့်လျှပ်စစ်ပစ္စည်းများဆိုင်များ၊ ပေပါခွံရောင်းဝယ်ရေးဆိုင်များ၊ ဘက်ထရီအိုးနှင့် ဆိုလာအရောင်းဆိုင်များ၊ အင်္ဂလိပ်/မြန်မာဆေးဆိုင်များမှ လုပ်ငန်းရှင်များနှင့် ကုန်သည်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။  
Aug 02,2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ မေဂျာပေါင်းစုံ  ကျောင်းအုပ်ကြီးဖလား အားကစားပြိုင်ပွဲများ ဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ Table tennis ပြိုင်ပွဲနှင့် ထုပ်စည်းထိုးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၃)  နာရီက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
Aug 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက နောင်လေးကျေးရွာအုပ်စု၊ ငိုမွိူးကျေးရွာ၊ ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ရာ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Aug 02,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၁ ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပြည်သူ့အားကစားရုံမိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။