Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းဖြတ်မြို့နယ်၌ ကျေးရွာများသို့ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသနွားနှင့်ဆိတ်များ (အခမဲ့) ဖြန့်ဖြူးပေးအပ်
Sep 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာခွင့်ပြုရန်ပုံငွေ၊ မွေးမြူရေးဘဏ်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် မျိုးကောင်းမျိုးသန့် ဒေသနွားနှင့်ဆိတ်များ (အခမဲ့) ဖြန့်ဖြူးပေးအပ်ခြင်းကို စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက ဆွပ်ပန်းကျေးရွာ၌လည်းကောင်း၊ ဟိုနားစောမွန်ကျေးရွာ၌ လည်းကောင်းပေးအပ်ခဲ့သည်။ ရှေးဦးစွာ မျိုးကောင်းမျိူသန့် ဒေသနွားမများ ဖြန့်ဖြူးပေးအပ်ပွဲကို ဆွပ်ပန်းကျေးရွာ၌ ကျင်းပရာ တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ ပထမအကြိမ် မဲစာရင်းကြေညာရန်အတွက် မဲစာရင်းစိစစ်ခြင်းအခမ်းအနား ကျင်းပ
Sep 27,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပထမအကြိမ် မဲစာရင်းကြေညာရန်အတွက် မဲစာရင်းစိစစ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ကင်းတားရေလှောင်တမံ၏ ရေဝင်ရောက်မှုအခြေအနေ
Sep 27,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကံဆည်ကျေးရွာအုပ်စုအနီးရှိ ကင်းတားရေလှောင်တမံအား စက်တင်ဘာ ၂၇ ရက်နေ့နံနက် (၆) နာရီအချိန် တိုင်းထွာချက်အရ လက်ရှိရေပမာဏ ၈၂၁၃၂၀ ဧကပေရှိပြီး ရေအမှတ် (အမြင့်ပေ) ၆၇၅.၃၆ ပေရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် စမာမြောင်းရေဖြင့် တိုက်နယ် (၁)၌ မိုးသီးနှံမျိုးစုံ (၇၉၇၃)ဧက စိုက်ပျိုး
Sep 27,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် (၁၂)ခုရှိပြီး ဒေသတွင်းသီးနှံမျိုးစုံ ဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် စမာမြောင်းရေဖြင့် တိုက်နယ် (၁)၌ မိုးသီးနှံစုံ (၇၉၀၃)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေးများ လိုက်လံထိုးနှံပေး
Sep 27,2025
၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးခြင်းနှင့် ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းက ကျေးရွာများသို့ကွင်းဆင်း၍ လိုက်လံထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့နယ် အမှတ် (၂၀၁၈) လေကြောင်းရန်ကာကွယ်ရေးတပ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်ဆန္ဒမဲပေး
Sep 27,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းသရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အမှတ် (၂၀၁၈) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်း အရာရှိရိပ်သာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရုံးများ၏ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့စစ်ဆေး
Sep 27,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်က မြို့မရပ်ကွက်ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ရုံးတွင်း/ရုံးပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်တွင် မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 27,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၇ ရက်နေ့နံနက် ၁၀ နာရီက မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
350
Page
351
Page
352
Page
353
Current page
354
Page
355
Page
356
Page
357
Page
358
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department