တိုက်ကြီးမြို့နယ်၌ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်း ဖွင့်လှစ်

တိုက်ကြီး မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အစိုးရသစ်၏ ရက် ၁၀၀ ကာလအတွင်း နေကြာစိုက်တောင်သူများ ဝတ်မှုန်ကူးသည့် ပျားမျိုးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ပျားမွေးမြူရေး ပြည်သူ့ပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ပုတ္တကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ပျားအကြောင်းသိကောင်းစရာများ၊ ပျားဖြင့်နေကြာသီးနှံဝတ်မှုန်ကူးခြင်း၊ ပျားရည်နှင့်ပျားထွက်ပစ္စည်းများ၊ တန်ဖိုးနည်းပျားအိမ်ဖြင့် ပျားမွေးမြူရေးအကြောင်း၊ သိကောင်းစရာများကို ပျားအုံဖြင့် လက်တွေ့သရုပ်ပြရှင်းလင်းခဲ့ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား ၆၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)