တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်စက်မှုစီမံကိန်းတွင် Satori Grande ကုမ္ပဏီလီမိတက်နှင့် Fortune Empire Holdings ကုမ္ပဏီလီမိတက်မှ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်

ပုသိမ် မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုစီမံကိန်းတွင် Satori Grande ကုမ္ပဏီလိမိတက်မှ လုပ်ငန်းသုံးယာဉ်အမျိုးမျိုးတပ်ဆင်၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ အချိုမှုန့်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းနှင့် Fortune Empire Holdings ကုမ္ပဏီလီမိတက်မှ အင်ဂျင်ဝိုင်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းတို့မှ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့သည်။ 

ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူများက လုပ်ငန်းသုံးယာဉ်အမျိုးမျိုး တပ်ဆင်၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ အင်ဂျင်ဝိုင်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းနှင့် အချိုမှုန့်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြမှုများနှင့် ဌာနဆိုင်ရာများ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တိုင်းဒေသကြီး၏ GDP လည်းတိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ကုန်ကြမ်းကိုများကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များကိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)