ကျုံပျော် မေ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် ၁ဝဝ စီမံချက်ဖြင့်ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က သင်တန်းဆင်းအမှာစကား ပြောကြားကြသည်။ ထို့နောက် သင်တန်းနည်းပြဆရာအား ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်များပေးအပ်ပြီး၊ သင်တန်းသားများထံသို့ သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ သင်တန်းထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့သည်။
ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း၊ အဆိုပါသင်တန်းကို မေလ ၅ ရက်မှ ၁၉ ရက်အထိ ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)