Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Sep 28,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ အသံမစဲမဟာ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် (၃)ရက်တိုင်တိုင်ကျင်းပခဲ့ပြီး ပူဇော်ပွဲအောင်မြင်ခြင်းအထိမ်းအမှတ် ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပထမအကြိမ်မဲစာရင်းကြေညာခြင်းအတွက် မဲစာရင်း (၃)စုံထုတ်ပေးခြင်းအခမ်းအနား ကျင်းပ
Sep 28,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပထမအကြိမ်မဲစာရင်းကြေညာခြင်းအတွက် မဲစာရင်း(၃)စုံထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်တွင် (၅)ရက်တိုင်တိုင် ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်၍ ပဋ္ဌာန်းသိမ်းအောင်…
Sep 28,2025
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ (၅)ရက်တိုင်တိုင်ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယမန်နေ့နံနက် (၆)နာရီက အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ အောင်နိုင်တိုးမျိုး မိုးစပါးစိုက်ခင်း အောင်မြင်ဖြစ်ထွန်း
Sep 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု၊ ဝမ်ဟွန်းကျေးရွာတွင် တောင်သူခုနစ်ဦးမှ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အောင်နိုင်တိုးမျိုး မိုးစပါးကို ခုနစ်ဧက စမ်းသပ်စိုက်ပျိုးရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ မုန်တိုင်းမိ၍မျောပါလာသော ကျားဖောင်လုပ်သား(၁၅)ဦးအား စားစရိတ်နှင့်နေရပ်ပြန်စရိတ်ပေးအပ်
Sep 28,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူ ဦးစီးဌာနရုံးမှ မုန်တိုင်းမိ၍ မျောပါလာသော ကျားဖောင်လုပ်သား(၁၅)ဦးအား စားစရိတ်နှင့်နေရပ်ပြန်စရိတ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ် အ.ထ.ကကျောက်ရေတွင်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး
Sep 28,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အ.ထ.က ကျောက်ရေတွင်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်၌ တောင်သူများအား EM ဘိုကာရှီမြေဆွေးပြုလုပ်နည်း အသိပညာပေးဆောင်ရွက်
Sep 28,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများအား သဘာဝမြေဆွေးများ ဖြင့် EM ဘိုကာရှီမြေဆွေးပြုလုပ် နည်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းကမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများစုပေါင်း၍ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Sep 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအားမှော်ဘီမြို့နယ် ကံကုန်းကျေးရွာလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့် မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့်တာဝန်ရှိဝန်ထမ်းများက ကွန်ကရစ်ခင်းခြင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော နေရာသို့သွားရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
346
Page
347
Page
348
Page
349
Current page
350
Page
351
Page
352
Page
353
Page
354
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department