Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပေါင်မြို့နယ် ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲပြုလုပ်
May 21,2026
မွန်ပြည်၊ပေါင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာ ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက သဲဖြူကုန်းကျေးရွာအုပ်စု၊ ကန်ဖြူကျေးရွာခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့တွင် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပြီး အမွှေးနံ့သာရည်များပက်ဖျန်း
May 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်(၇)နာရီအချိန်က အထက်ပိုင်းရပ်ကွက် မြို့မလူငယ် လေ့ကျင့်ရေးဘောလုံးကွင်း(သဲကွင်း)ရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
May 21,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် မြို့နယ်အတွင်းရှိ နေအိမ်များနှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲဧက ၂၀၀၀၀ ကျော် လျာထားစိုက်ပျိုး
May 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲ ဧက ၂၀၀၀၀ ကျော် လျာထား စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံခရိုင်၏ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 21,2026
မွန်ပြည်နယ်၊ သထုံခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်၌ မုန်းတိုင်ဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ဇတ်တိုက်လေ့ကျင့်
May 21,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ဆိုင်ရာရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေ ၂၁ ရက် နံနက်၉ နာရီအချိန်က ပငကျေးရွာ ကြက်တညင်စေတီ ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
May 21,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပင်စင်စားအငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ထောက်ပံ့၊ ထည့်သွင်းကြဲပက်သရုပ်ပြ
May 21,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ကြက်တူရွေး ကျေးရွာ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းနှင့် ထည့်သွင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို မေ ၂၁ ရက် နံနက်ပိုင်းက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
316
Page
317
Page
318
Page
319
Current page
320
Page
321
Page
322
Page
323
Page
324
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department