Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများကြေညာ
Sep 30,2025
ပျော်ဘွယ်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒှရှင်စာရင်းများ ကြေညာခြင်းကို စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ စတင်ကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြော
Sep 30,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ အမှိုက်စွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နေ့က ပွင့်ဖြူမြို့ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ
Sep 30,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ် ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ(၃၀) ရက်နေ့က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံ၊ နတ်မောက်ရေလွှဲဆည်နှင့် ပင်းကန်ရေလှောင်တမံတို့မှ ရေကျော်စီးဆင်းမှုမရှိဘဲ ကြံ့ခိုင်ကောင်းမွန်
Sep 30,2025
နတ်မောက်မြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရေသွန်းမှုကြောင့် ယင်းချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး နတ်မောက်ရေလှောင်တမံ၊ နတ်မောက်ရေလွှဲဆည်နှင့် ပင်းကန်ရေလှောင်တမံတို့မှ ရေကျော်စီးဆင်းမှုမရှိဘဲ ကြံ့ခိုင်ကောင်းမွန်မှုရှိကြောင်း မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ
Sep 30,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ နတ်မောက်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့လယ် (၂)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေညာ
Sep 30,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကိုယနေ့နံနက် ၇ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ်ကပ်ထား ကြေညာပေးထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဆောင်ရွက်
Sep 30,2025
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်စစ်ဆေးခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်
Sep 30,2025
အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခင်နိုင်ဦးဆောင်သော ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့စု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ လေကြောင်းရဲတပ်ဖွဲ့စု၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စိတ်၊ ခရိုင်/မြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌများနှင့် တပ်ဖွဲ့ဝင်မိသားစုများသည် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို စက်တင်ဘာလ (၃၀) ရက်နေ့ နံနက်(၅)နာရီခွဲက ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
316
Page
317
Page
318
Page
319
Current page
320
Page
321
Page
322
Page
323
Page
324
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department