အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့က ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်မှ ဆရာတော် ဦးတိလောကနှင့် အလှူရှင်များက စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 30,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ လိုက်ပါ၍ ဒက္ခိဏသီရိမြို့နယ်ရှိ ဟိုတယ်ဇုံအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟိုတယ်ရှေ့မျက်နှာစာ ဥပတိရုပ်ကောင်းမွန်စေရေးနှင့် ပတ်ဝန်းကျင်းသန့်ရှင်းသာယာလှပရေး အမြဲဆောင်ရွက်သွားရန်၊ ရာသီအလိုက်ဖူးပွင့်သောပန်းနှင့် ဟိုတယ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်းအား တိုးမြှင့်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ ငလျင်ဒဏ်အပြင်သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး ဒက္ခိဏသီရိမြို့နယ်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအမြန်ပြီးစီးအောင် စနစ်တကျဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်ညွှန်းနှင့် ပြည့်မီအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
Sep 30,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းကစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့စက်တင်ဘာလ ၂၉ ရက်နေ့နံနက် ၁၀နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲတို့မှ  ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Sep 30,2025
၂၀၂၅ ခုနှစ် (၁၀၅)ကြိမ်မြောက်၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓမြတ်စွာဘုရားများ ဒေသစာရီကြွချီပူဇော်ခံပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်မနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတိုးဝင်း၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝတ်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 30,2025
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင်  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကျွန်းစုမြို့ ညောင်ဘီးကျေးရွာအုပ်စု ပဲယာကျေးရွာသို့ သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများကို ကွင်းဆင်းစစ်ဆေးသည်။
Sep 30,2025
မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယနေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားကြောင်း သိရသည်။
Sep 30,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင် များက စာရေးဆရာ မောင်သာမည၏ အောင်မြင်ခြင်းနှင်းရှုံးနိမ့်ခြင်းစာအုပ်အား ယမန်နေ့ နေ့လယ် ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။