အမြို့မြို့အနယ်နယ်သတင်းများ

Aug 26,2020
မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်လမ်းညွှန်မှုဖြင့် အာရှဖေါင်ဒေးရှင်းအဖွဲ့မှကျိုက်ထိုမြို့နယ်၌ Location Data collection and Gis TrainIng နှင့် Covid အကြပ်အတည်းကာလအတွင်း ဆက်သွယ် ပြန်ကြားရေး သင်တန်းကို ယမန်နေ့ နံနက် ၉နာရီတွင် မြို့နယ် သာသနာ့ ဗိမာန်၌ ဖွင့်လှစ်ခဲ့သည်။
Aug 26,2020
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မောက်မယ်မြိုးနယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ လိုက်နာနိုင်ရန် ယမန်နေ့ ညနေ ၆ နာရီက အသိပေးနှိုးဆော်ခြင်များကို ဆောင်ရွက် ခဲ့ကြသည်။
Aug 26,2020
သံလွင်မြစ်ရေကြီးမှုကြောင့် လင်းခေးမြို့နယ် တာဆွတ်တိန်း‌ကျေးရွာ‌ရေဘေးသင့်ခံရသည့် ပြည်သူ(၁ဝ၄)ဦးအတွက် ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ တစ်ကိုယ်ရည်သုံးပစ္စည်းများကို လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူတို့က အဆိုပါ ကျေးရွာသို့ ယမန်နေ့က ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် နိုင်ငံတော်က ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား ယနေ့ နံနက် (၁၀) နာရီက မြို့နယ် စိုက်ပျိုးရေးရုံး၌ မိုးစပါးမျိုးစေ့ထုတ် လယ်ဧက(၄၀)အတွက် ပထမအရစ် ထောက်ပံ့​ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 26,2020
စာအုပ်စာပေ ဝါသနာပါသူ အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစည်း၍ စာရေးဆရာ ချစ်ဦးညို၏ “ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Aug 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်း ဟင်းသီးဟင်းရွက်နှင့် ယာယီ သား/ငါး ဈေးတွင် ပြည်သူများအား Covid-19 ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များ လူတိုင်းတပ်ဆင်ရေး နှိုးဆော်ခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
Aug 26,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP) အရ မိုးစပါး (RS-CS) မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေသော တောင်သူများအား မျိုးစေ့ဘိုးနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေပေးအပ်ပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့သည်။