မိုင်းပျဉ်းမြို့တွင် မိုးစပါးမျိုးစေ့ထုတ် လယ်ဧက(၄၀)အတွက် ပထမအရစ်ထောက်ပံ့ငွေများပေးအပ်

မိုင်းပျဉ်း သြဂုတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)   ကျိုင်းတုံခရိုင်၊   မိုင်းပျဉ်းမြို့နယ်တွင်   နိုင်ငံတော်က  ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့်   မျိုးသန့် မျိုးစေ့ထုတ်  တောင်သူများအား ယနေ့နံနက် (၁၀) နာရီက မြို့နယ် စိုက်ပျိုးရေးရုံး၌ မိုးစပါးမျိုးစေ့ထုတ် လယ်ဧက(၄၀)အတွက်  ပထမအရစ်   ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မီအဖွဲ့ဝင်   မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးမောင်မောင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးမျိုးထက်က  ကိုဗစ်-၁၉ ဖြစ်ပွားနေမှုများကြောင့် စားနပ်ရိက္ခာများ ပြည်တွင်းတွင် ပြတ်လပ်နေမှုမရှိစေရေး ကြိုတင်ဆောင်ရွက်သည့်အနေဖြင့် မိုးစပါးများ နည်းစနစ်တကျ စိုက်ပျိုး၍ မျိုးသန့်မျိုးစေ့များ ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ် သုံးစွဲနိုင်ရေး၊ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ ငွေပေးအပ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဟောင်ကန်ကျေးရွာအုပ်စု အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် ဆောင်ရွက်နေသည့် တောင်သူ (၁၈)ဦး    အတွက်   ယခုပထမ အကြိမ်တွင် မျိုးစေ့ဖိုး  ()ဧကလျှင်  (၈၅၀၀)ကျပ်နှုန်း  ၊စိုက်ပျိုးစရိတ် ()ကလျှင် (၇၅၀၀၀))ကျပ်နှုန်းဖြင့်  စိုက်ခင်းဧက  (၄၀)အတွက်  စုစုပေါင်းငွေကျပ် (၃၃၄၀၀၀၀)အား တာဝန်ရှိ သူတို့က စိုက်ပျိုးရေး တောင်သူများထံ  ထောက်ပံ့ပေးအပ်ပြီး ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလအတွင်း မျိုးကွဲပယ်ခြင်းနှင့် မျိုးစေ့သန့်စင်ခြင်းတို့အတွက် ဆက်လက် ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ်၊ပြန်ဆက်