အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
တောင်ငူမြို့နယ်၌ COVID-19 စီးပွားရေး ကုစားမှု COVID-19 Economic Relif Plan (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန် က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဟိုပုံးမြို့၊ တောင်ရပ်ကွက်ရှိ နောင်ဘိုကန်အတွင်း ငါးသားပေါက်ကောင်ရေ(၅၀၀၀၀)စိုက်ထည့်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မိုင်းငေါ့မြို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုလဝကမှူးဦးခမ်းရီက မိုင်းငေါ့မြို့လွယ်ကြူကျေးရွာအုပ်စုသို့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ကျေးရွာ‌ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 25,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ် ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန် လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၃ ရက်နေ့၊ညနေ(၆)နာရီ အချိန်က (၇)ဉီးနှင့် ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်က(၁၆)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၂၃)ဉီး တို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ယနေ့နံနက် ၁ နာရီ ၄၅ မိနစ် အချိန်ခန့်က လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Aug 25,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယမန်နေ့ညနေ ၄ နာရီခွဲတိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၅၀ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေရာ ဘားအံမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်ရှိအိမ်ထောင်စုများအား ယာယီရေဘေးစခန်း ၃ ခုတွင် စတင်နေရာချထားပေးထားကြောင်း သိရသည်။