Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရန်ကုန်အရှေ့ပိုင်းခရိုင် community centre ခန်းမ၌ “ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ်တို့ လူငယ်ပန်းချီပြိုင်ပွဲ” ပြုလုပ်
Aug 22,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ရှောင်ကြဉ်ရန်ရည်ရွယ်၍ “ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်သတိပြုကာကွယ်တို့ လူငယ်ပန်းချီပြိုင်ပွဲ”ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲကျင်းပ
Aug 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ(၂၁)ရက်၊ နေ့လယ်ပိုင်းက အမှတ်(၉)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ပြည်သူလူထု ပူးပေါင်းပါဝင်သော မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်
Aug 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ ဦးဆောင်သော မြို့နယ်ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ လူမှုကူညီရေးအသင်းအဖွဲ့ဝင် ပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၆/၂၀၂၄) ဖွင့်လှစ်
Aug 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၆/၂၀၂၄) ကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့တွင် မူလတန်းအဆင့် ဝါကျရေးသားနည်းပြိုင်ပွဲကျင်းပ
Aug 22,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က မူလတန်းအဆင့် ဝါကျရေးသားနည်းပြိုင်ပွဲကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 22,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် စွန့်ပစ်အမှိုက်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး
Aug 22,2024
အဏ္ဏဝါညစ်ညမ်းမှုလျှော့ချရေး၊ ကမ်းရိုးတန်းသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးတို့အတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကမ်းနားလမ်းတစ်လျှောက်တွင် မွန်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်းသန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် ခြုံနွယ်များ၊ မြက်ပင်များ၊ စွန့်ပစ်အမှိုက်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်သူပြည်သူများတို့က ဒီရေတက်ချိန်သံလွင်မြစ်အတွင်း မျောပါနေသော စွန့်ပစ်အမှိုက်များအား စုပေါင်းဆယ်ယူရှင်းလင်းဆောင်ရွက်ခြင်း၊ ကျောင်းသားကျောင်းသူများအား အသိပညာပေး ဟောပြောဆောင်ရွက်နေမှုများအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2971
Page
2972
Page
2973
Page
2974
Current page
2975
Page
2976
Page
2977
Page
2978
Page
2979
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department